Thursday, May 3, 2012

ကျနော်တို့ညီ ခဏ ခရီးထွက်သွားတယ်


အမှောင်စုန်းစုန်းမှာ
တစ်ယောက်တည်းပုန်းပုန်းပြီး အရာအားလုံးကိုကျောခိုင်း
မင်းမေ့ခိုင်းတိုင်း တို့မမေ့ဘူးငါ့ညီ
တစ်ချိန်က အတူတွဲခဲ့တဲ့လက်တွေနဲ့
ဘုရားသခင်ထံမှာ ငါတို့ဆုတောင်း
မင်း … ကောင်းရာသုဂတိလားပါစေ …. လို့။

ညီလေးရယ် … ရနိုင်မယ်ဆိုရင်
တို့တွေသွေးတစ်စက်စီကို ဖေါက်ထုတ်
မင်းအုတ်ဂူပေါ်ကျဲပက်လိုက်ရင်
သွေးကပြောတဲ့စကား မင်းနားမှာကြားပြီး
ပြန်ထလာလေမလား ထင်မိတယ်။

“သင်္ဂြိုလ်ပြီးစီးကြောင်း ”… တဲ့
အလောင်းကိုမှ မတွေ့မဆုံလိုက်ရ
ဆာကျောင်းဆိုတဲ့အသံ
ငါကောင်းကောင်းကြားနေရသေးတယ်ညီ။

အခုတော့ … ရှိစေဦးတော့ကွာ
သံသရာရဲ့ နောက်ထပ်စာမျက်နှာတစ်ခုမှာ
တို့ညီအစ်ကိုတွေ ပြန်ဆုံကြဦးမယ်ဆိုရင်
ဒီလိုပုံစံမျိုးနဲ့ ခွဲမသွားတော့ပါဘူးလို့
သံယောဇဉ်နဲ့လောင်းကြေးထပ်
မင်းပါစပ်က ဂတိပေးစမ်းညီ။


30. 4. 2012 နေ့တွင် ရုတ်တရက်ကွယ်လွန်သွားရှာသော ညီငယ်ကျော်ဆက်သို့ အထူးတလည် ရည်ညွှန်းပါသည်။


ကိုကြည်နိုင်(ကျုံတိုင်းရွာ)

6 comments:

  1. အကိုတော်နဲ့ ထပ်တူထပ်မျှဝမ်းနည်းပါကြောင်း ကွယ်လွန်သွားသောညီငယ်ကောင်းရာသုဂတိလားပါစေလို့ 

    ReplyDelete
  2. ကောင်းရာသုဂတိ လားပါစေ ရှင်။

    ReplyDelete
  3. သူ့ဘူတာကို သူရှာတွေ့လို့ ခုန်ဆင်းသွားတယ်လို့ပဲ ဖြေတွေးလေးတွေးမိ ...

    ReplyDelete
  4. ပြန်ချိန်တန်တော့လဲ ????




    ReplyDelete
  5. ညီလေးအတွက် ...အလွမ်းပြေပေါ့အကို ..။

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။