Saturday, February 24, 2018

တေးသွားနံပါတ် ၂၂


ငါဟာ ပေါက်ချွန်းတစ်လက်ပါကွယ်
ကိုယ့်ရင်ဘတ်ကိုယ်ပြန်တူးလို့မှ
ကြယ်ငွေ့တွေ ဖြာကျမလာနိုင်တဲ့ကောင်က
စံပါယ်တွေကို ပစ်ပေါက်ပျိုးထောင်ချင်သေးသတဲ့။
(ရယ်စရာပဲကောင်းသေးတော့.. )
.
ဝေးခဲ့တာလေ...
ရနံ့နဲ့ရော ဝတ်မှုန်နဲ့ပါ ဝေးခဲ့မှတော့
ငါ့စံပါယ်ရုံကလေးရေ ...တို့အတွက်...
ဒီဆယ်စုနှစ်တွေဟာ ပန်းမပွင့်တဲ့ခေတ်
နောက်...မဖြစ်စေတော့နဲ့ကွယ်။
.
နတ်ဘီလူးတွေကြဲပက်တဲ့
ကောင်းကင်ဘုံက အက်စစ်တစ်စက်ဟာ
ငါ့ရင်ခွင်စိုက်ခင်းပေါ် တည့်တည့်ရွာချ
ငါ့ပျိုးခင်းလေး "အ" သွားခဲ့တာ ကြာလှပေါ့။
.
မုတ်သုန်ရေ...
ငါ့ရဲ့မုတ်သုန်ရေ..
အလင်းတွေ ပျို့အံလာချိန်ထိ
မှောင်မိုက်နေရဦးမှာလား
တို့နှစ်ယောက်ရဲ့တေးသွား
စောင်းကြိုးများ မြည်ပါစေကွယ်။
.
.
ကိုကြည်နိုင်
23. 2. 2018
12 : 22 AM

0 comments:

Post a Comment

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။