.
သန်း ၆၀ အတွက် သပြေခက်ကိုက်ချီလာတဲ့
ခိုဖြူတွေတော့ မဟုတ်ပေဘူး
လူသားအားလုံးအတွက် ဘာဖြစ်ရမယ် ညာဖြစ်ရမယ်လည်း
မဆိုပါဘူး
ငါတို့မြို့ရွာ ငါတို့အ၀န်းအ၀ိုင်းလေးအတွက်
ငါတို့တွေဟာ
အုတ်တစ်ချပ်တွေ သဲတစ်ပွင့်တွေပါ
တစ်ချပ် … နောက်တစ်ချပ် … နောက်ထပ်တစ်ချပ်
ကျောချင်းကပ် မြဲမြဲရပ်
တစ်ပွင့် … နောက်တစ်ပွင့် … နောက်ထပ်တစ်ပွင့်
လက်ချင်းချိတ် မြဲမြဲတွဲ
ဒီလိုနဲ့ .. ငါတို့ လုပ်နိုင်ခဲ့ပြီ။
အခြားသူတွေရဲ့ မျက်ရည် ငါတို့မျက်ဝန်းတွေက
ကူကျပေးပါ့မယ်
အခြားသူတွေရဲ့ သောကပရိဒေ၀ ငါတို့ ရင်ဆီးခံပေးပါ့မယ်
တစ်ဖက်သောလက်ကိုဆန့်တန်း ကူညီဖို့ အသင့်ကမ်းထားပါ့မယ်
ကျန်တစ်ဖက်ကို ဖွဖွဆုပ် မျက်ရည်သုတ်ပေးနိုင်ဖို့
ငါတို့ကြိုးစားပါ့မယ်
ရွေးမြစ်ကိုသက်သေအရာထား ဒီသစ္စာစကား
ငါတို့ဆိုတယ်။
ငါတို့တွေဟာ
အုတ်တစ်ချပ်တွေ သဲတစ်ပွင့်တွေပါ။ ။
ကိုကြည်နိုင်
____________________________________________
24-25/2/2014 တွင် လပွတ္တာမြို့ ``နှလုံးသား (အခမဲ့) ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့´´ ၏ သွေးလှူဂုဏ်ပြုပွဲအတွက် ရေးဖွဲ့ရွတ်ဆိုခဲ့သောကဗျာ ဖြစ်ပါတယ်။







ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ကဗျာလေး၊ ဖတ်သွားခဲ့ပါတယ် ဆရာကြည်နိုင် :)
ReplyDelete