အိပ်မက်တွေက
နှင်းတွေနဲ့ ပိန်းပိတ်အောင် ဖွေးလို့
အတိတ်က အရိပ်တွေကတော့
ရင်ထဲမှာ ...
ပြက်ပြက်ထင်ထင် ရှိနေဆဲပေါ့ ။
ဘယ်တော့မှမဝေးကြဘူးဆိုတဲ့ ကောင်မလေးရေ
တို့နှစ်ယောက်ရဲ့ ဖေဖေါ်ဝါရီတိုင်းကို
နှုတ်ဆက်၊ လမ်းခွဲ၊ ကျောခိုင်းခြင်းတွေရဲ့
တစ်ဖက်စွန်းကပဲ ဖြတ်သန်းကြမယ်တဲ့လား...။
ကံကြမ္မာရဲ့ အလိုကျ
မမျှော်လင့်ပဲ ဝေးခဲ့ရမယ်ဆိုရင်
နှင်းတွေဝေနေတဲ့ ဖေဖေါ်ဝါရီတွေကို
ငါဘယ်လို ဖြတ်သန်းရမှာလည်း...
တို့နှစ်ယောက်ရင်ထဲက
စံပယ်ရနံ့သင်းတဲ့ ချစ်ခြင်းတွေကိုရော
ညီမလေးရယ်....
ငါ ဘယ်လိုအင်အားနဲ့များ.....။ ။
ကိုကြည်နိုင်
________________________________________
2004 ခုနှစ်တုန်းက ရသကမ်းခြေကထုတ်တဲ့ Valentine's Day အမှတ်တရ
ကဗျာစာအုပ် `` ချစ်ခြင်းပမာ ´´ မှာ
ကျွန်တော်ရေးခဲ့တဲ့ ကဗျာလေးပါ
နှင်းတွေနဲ့ ပိန်းပိတ်အောင် ဖွေးလို့
အတိတ်က အရိပ်တွေကတော့
ရင်ထဲမှာ ...
ပြက်ပြက်ထင်ထင် ရှိနေဆဲပေါ့ ။
ဘယ်တော့မှမဝေးကြဘူးဆိုတဲ့ ကောင်မလေးရေ
တို့နှစ်ယောက်ရဲ့ ဖေဖေါ်ဝါရီတိုင်းကို
နှုတ်ဆက်၊ လမ်းခွဲ၊ ကျောခိုင်းခြင်းတွေရဲ့
တစ်ဖက်စွန်းကပဲ ဖြတ်သန်းကြမယ်တဲ့လား...။
ကံကြမ္မာရဲ့ အလိုကျ
မမျှော်လင့်ပဲ ဝေးခဲ့ရမယ်ဆိုရင်
နှင်းတွေဝေနေတဲ့ ဖေဖေါ်ဝါရီတွေကို
ငါဘယ်လို ဖြတ်သန်းရမှာလည်း...
တို့နှစ်ယောက်ရင်ထဲက
စံပယ်ရနံ့သင်းတဲ့ ချစ်ခြင်းတွေကိုရော
ညီမလေးရယ်....
ငါ ဘယ်လိုအင်အားနဲ့များ.....။ ။
ကိုကြည်နိုင်
________________________________________
2004 ခုနှစ်တုန်းက ရသကမ်းခြေကထုတ်တဲ့ Valentine's Day အမှတ်တရ
ကဗျာစာအုပ် `` ချစ်ခြင်းပမာ ´´ မှာ
ကျွန်တော်ရေးခဲ့တဲ့ ကဗျာလေးပါ






0 comments:
Post a Comment
Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့
ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့
စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။