Friday, September 16, 2011

မီးပြ

လှိုင်းထန်

လေကြမ်း

ဆီးနှင်း

မိုးပေါက်

ချော့

ခြောက်

ရာသီအလှည့်ပေါင်းစုံ


မငြီးငြူ

မားမားရပ်

အထီးတည်း

အလင်းတွေအန်ထုတ်

မဆုတ်မနစ်


သူ့အရိပ်ဝန်းအောက်

အနာတရကင်းစေ

လိုရာသွား

ခရီးဆက်

နှုတ်ဆက်မသွားလည်း ....     ......

ဖြစ်တယ် ....      ......။              ။


ကိုကြည်နိုင် 
________________________________

2007 ခုနှစ်တုန်းက ရသကမ်းခြေကထုတ်တဲ့ Valentine's Day အမှတ်တရ

ကဗျာစာအုပ် `` သိင်္ဂါရနှင်းများ၏ စာမျက်နှာ(၆) ´´ မှာ

ကျွန်တော်ရေးခဲ့တဲ့ ကဗျာလေးပါ

0 comments:

Post a Comment

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။