ကောင်မလေးရေ
ချစ်သူတို့ရဲ့ အလင်္ကာမှာ
အတ္တဆိုတာမရှိဘူးကွယ့်
ပေးဆပ်ခြင်းတွေရယ်
နားလည်နိုင်ခြင်းတွေရယ်သာ
အခါသဖြင့် ရှိနေလေရဲ့ .... .... ။
ကောင်မလေးရေ
ချစ်သူတို့ရဲ့ အလင်္ကာမှာ
မာနဆိုတာ မရှိဘူးကွယ့်
မြတ်နိုးခြင်းတွေရယ်
ခွင့်လွှတ်ခြင်းတွေရယ်သာ
အခါသဖြင့် ရှိနေလေရဲ့ ... ... ။
ကောင်မလေးရေ
ချစ်ခြင်းဆိုတာ
ဝေးကွာနေရလည်း
ရင်ထဲမှာ နီးနေလိမ့်မယ်
မျက်လွှာကို အသာချ
စိတ်ထဲက မှန်းဆလိုက်ရုံနဲ့
ချစ်သူ့မျက်နှာ မြင်နေရတယ်
ဘယ်တော့မှ မဝေးဘူးကွယ့် ... ...။ ။
ကိုကြည်နိုင်
__________________________________
2002 ခုနှစ်တုန်းက ရသကမ်းခြေက ထုတ်ဝေတဲ့ Valentine's Day အမှတ်တရ
ကဗျာစာအုပ် “ နှလုံးသားနွေးတဲ့ရာသီ ” မှာ
ကျွန်တော်ရေးခဲ့တာလေးပါ...။
ငယ်လက်ရာလေးမို့ အမှတ်တရ တင်ထားတာပါ
ချစ်သူတို့ရဲ့ အလင်္ကာမှာ
အတ္တဆိုတာမရှိဘူးကွယ့်
ပေးဆပ်ခြင်းတွေရယ်
နားလည်နိုင်ခြင်းတွေရယ်သာ
အခါသဖြင့် ရှိနေလေရဲ့ .... .... ။
ကောင်မလေးရေ
ချစ်သူတို့ရဲ့ အလင်္ကာမှာ
မာနဆိုတာ မရှိဘူးကွယ့်
မြတ်နိုးခြင်းတွေရယ်
ခွင့်လွှတ်ခြင်းတွေရယ်သာ
အခါသဖြင့် ရှိနေလေရဲ့ ... ... ။
ကောင်မလေးရေ
ချစ်ခြင်းဆိုတာ
ဝေးကွာနေရလည်း
ရင်ထဲမှာ နီးနေလိမ့်မယ်
မျက်လွှာကို အသာချ
စိတ်ထဲက မှန်းဆလိုက်ရုံနဲ့
ချစ်သူ့မျက်နှာ မြင်နေရတယ်
ဘယ်တော့မှ မဝေးဘူးကွယ့် ... ...။ ။
ကိုကြည်နိုင်
__________________________________
2002 ခုနှစ်တုန်းက ရသကမ်းခြေက ထုတ်ဝေတဲ့ Valentine's Day အမှတ်တရ
ကဗျာစာအုပ် “ နှလုံးသားနွေးတဲ့ရာသီ ” မှာ
ကျွန်တော်ရေးခဲ့တာလေးပါ...။
ငယ်လက်ရာလေးမို့ အမှတ်တရ တင်ထားတာပါ







0 comments:
Post a Comment
Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့
ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့
စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။