ကျနော့်ကို ရဲရင့်ခွင့်ပေးပါ
ကျနော့်ရဲ့သွေးကိုတော့
အဖြူသက်သက်ပဲ ပေးပါအရှင်
အနီရောင်တွေကို မုန်းလှပါပြီ။
ကျနော့်နှလုံးသားရဲ့
တစ်သက်တာ အမှတ်တံဆိပ်အဖြစ်
ဂျိုးဖြူငှက်ရုပ် ခတ်နှိပ်ပေးပါအရှင်။
ကျနော့်ကို ပြတ်သားခွင့်ပေးပါ
လူသားချင်း သံယောဇဉ်ကြီးခွင့်တော့ ပြုပါအရှင်
``ရန်သူ´´ ဆိုတဲ့ စကားလုံး
ကျနော့်မှတ်ဥာဏ်မှ အပြီးတိုင် ပယ်ဖျက်ပေးလှည့်ပါ။
ကလေးငယ်တွေရဲ့
ပျော်ရွှင်မြူးတူး ကစားသံတွေပဲ ကြားခွင့်ပြုပါ
အစာငတ်သံ၊ မိဘမဲ့ငိုသံတွေသာ ညံနေမယ်ဆို
ကျနော့်မှာ ... ...
နားတစ်စုံ ပါလာခွင့် ရုပ်သိမ်းပေးပါအရှင်။
မြက်ခင်းတိုင်း စိမ်းတဲ့ကမ္ဘာ
ကလေးတိုင်း ပျော်ခွင့်ရတဲ့ကမ္ဘာ
ယမ်းခိုး ယမ်းငွေ့တွေအစား
တောင်ယာမီးခိုးတွေနဲ့ မှုံလဲ့ပြာရီနေတဲ့ကမ္ဘာမှာသာ
ဘ၀အဆက်ဆက်
လူအဖြစ် သံသရာလည်ခွင့်ပြုပါအရှင်။
ကိုကြည်နိုင်
(8.July.2010)
_____________________
ရောင်းရင်းကြီး ကိုရီးရဲ့ ရေချမ်းစင် နဲ့ ရေသန့်ဗူး
| |
ကိုဖတ်ပြီးတဲ့ညမှာပဲ
ဘဂ္ဂဒက်က စစ်သတင်းတိုလေးကို ကြည့်ဖြစ်လိုက်ရာက
ဒီကဗျာလေးကို ရေးဖြစ်ပါတယ်။
__________________________________
ဘဂ္ဂဒက်က စစ်သတင်းတိုလေးကို ကြည့်ဖြစ်လိုက်ရာက
ဒီကဗျာလေးကို ရေးဖြစ်ပါတယ်။
__________________________________






0 comments:
Post a Comment
Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့
ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့
စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။