Friday, September 23, 2011

:::: လမ်း ::::






ရနံ့ မရှိတာနဲ့ပဲ


ပန်းမဟုတ်ဘူးလို့တော့ မပြောပါနဲ့

ဒါဆိုရင်...

မပျံသန်းနိုင်တဲ့ ပင်ဂွင်းဟာ ငှက်မဟုတ်ဘူးလား ... ...။


ကိုယ့်မြင်း ကိုယ်စိုင်းခဲ့တာပါပဲ

စစ်ကိုင်းကို ရောက်မှ ဖြစ်မှာလား

အထီးမှန်း အမမှန်း သိဖို့ထက်

ဘယ်အကွေ့မှာ ဘာတွေ့တွေ့

ကျော်နိုင်ရမယ်

ဒီတောင်ခြေအဆင်းမှာ လေကိုခွင်းနိုင်ရင်

ပြီးစတမ်း ... ...။


ကိုယ့်အထုပ် ကိုယ်ဖြည်ကြည့်လို့မှ

လူကြား ချမပြရဲတာထက်စာရင်

နဂိုကတည်းက ဘာမှ သိမ်းဝှက်မထားတာ

အကောင်းဆုံး ... ...။


တစ်နေ့လုံးကြာမှ တစ်လံပဲလား

ဟုတ်ကဲ့ ...

ပုဂံကတော့ ဘယ်မှမရွေ့ပါဘူး

ဘယ်တော့မှလည်း ရောက်မှာ မဟုတ်တော့ဘူး

ကျားလို တစ်လှမ်း မလှမ်းနိုင်လည်း

သမင်ခြေလှမ်းနဲ့ ဆယ်ခါ လှမ်းကြတာပေါ့ ... ...။




ကိုကြည်နိုင်
............................




0 comments:

Post a Comment

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။