.
.
ကြည့်စမ်းပလေ
မြို့ကလေးပေါ်
ချယ်ရီတွေ ကြွေကျ .. လှနေလိုက်တာများ
ကော်ဇောနီခင်းထားတဲ့ မင်းခမ်းမင်းနားအတိုင်း
.
ကြည့်စမ်းပလေ
နေရောင်ခြည်က တိမ်အထုထုကို ထိုးဖေါက်
အနူးညံ့ဆုံး ပြိုကျနေလိုက်တာများ
မြို့ကလေးဟာ ၀င်းရှင်းတောက်ပ
ရွှေရည်နဲ့ သ ထားတဲ့အတိုင်း
.
ကြည့်စမ်းပလေ
ကြယ်လေးတွေ တစ်စင်းပြီးတစ်စင်း ခုန်ချ
ပင်လယ်မှာ စံပယ်တွေ ပွင့်ပွင့်နေလိုက်တာများ
ရင်ထဲ ဒုတ်ဒုတ်ထိ မွှေးတော့မယ့်အတိုင်း
.
ကျွန်တော့် စိတ်ကူးထဲက ဒီမြို့ကလေး
ကျွန်တော့် ညီအစ်ကိုတွေဆီထိ
ကောင်းကင်ယံကို ချဉ်းနင်းထိုးဖေါက်
လက်ဆောင်ထုပ်အဖြစ် ရောက်သွားစေချင်လိုက်တာ
.
သူတို့ … ကျောင်းမတက်ရဘူးတဲ့
သူတို့ … အစား မှန်မှန်မစားရဘူးတဲ့
သူတို့ … မကျန်းမာလည်း ဆေးမရှိဘူးတဲ့
.
မေမေရယ်
လောကကြီးတစ်ခုလုံး
ရွှေဖြစ်အောင် မပြုံးနိုင်တဲ့အဆုံး
နေလုံး မကွယ်အောင်လေးတော့ ကြိုးစားပေးသင့်တယ်မဟုတ်လား။
.
.
ကိုကြည်နိုင် (၁. ၃. ၂၀၁၃)
.







သဘာဝဘေးထက် လူလုပ်တဲ့ဘေးက ပိုပြီးရက်စက်တာ သေချာပါတယ် ။
ReplyDeleteမှန်ပါတယ်။ တလောကလုံး ရွှေဖြစ်အောင် မစွမ်းဆောင်ပေးနိုင်ရင်တောင် နေမကွယ်အောင်တော့ ကြိုးစားပေးသင့်ပါတယ်။ တစ်ယောက်တစ်လက်နဲ့ အားလုံးက ကိုယ်နိုင်သလောက် ဝိုင်းဝန်းကုညီပေးဖို့ပဲ လိုတာပါ။
ReplyDeleteကဗျာလေးရဲ့အဆုံးသတ်ခါနီးလေးမှာ ဂရုဏာသံလေးတွေနဲ့ရယ်...
ReplyDeleteအင်း...
အပြစ်မဲ့ မျက်နှာလေးတွေနဲ့ အဆင်မပြေကြရှာတဲ့ ကလေးလေးတွေ ဘယ်လောက်များနေပြီလဲ မသိတော့ပါဘူးဗျာ...
ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို
လူသားတွေမှာ နှလုံးသားအဟာရဓါတ်နည်းနေသမျှ ငြိမ်းချမ်းရေးနဲ့ ဝေးမြဲ
ReplyDeleteဝေးဆဲ ဖြစ်နေပြီး ရက်စက်တဲ့ကံကြမ္မာဆိုတာကလည်း အလွယ်တကူ ကျရောက်နေအုံးမှာပါ ။ ဒါကြောင့်ကဗျာလေးကိုခံစားဖတ်ရှုရင်း နှလုံးသားအဟာရတွေ လူတွေမှာ အမြန်ဆုံး ဖြစ်တည်နိုင်ပါစေလို့ ဆုတောင်းရင်းးးးးးးးးးးးးးးးးး ။