ဟေ့ ! နားထောင်ကြစမ်း
မြင်းရိုင်းတို့ရဲ့ ခွာသံကြားလား
စကားလုံးတွေနဲ့ စီးချင်းထိုးပွဲ
လဲရင်လဲမယ်၊ မြဲရင်မြဲမယ်
နွှဲနေမှာတော့ တစ်သက်လုံး
ကဗျာဆရာတဲ့ ... ...
ဘယ်တော့မှ ဒူးမထောက်
ဘယ်တော့မှ ဦးမညွှတ် ။
ကဗျာဆရာရဲ့ ရင်ခုန်သံဟာ
ကြမ်းချင် ကြမ်းမယ်
ရိုင်းချင် ရိုင်းမယ်
နှလုံးသွေးစစ်စစ် စကားလုံးတွေ
အန်ချပစ်လိုက်
ဇီဝဇိုးငှက်ရဲ့ မိခင်မေတ္တာမျိုး
အဲဒါ ... ...
ကဗျာဆရာရဲ့ သစ္စာတရား ။
သက်ရင့် ကာဗွန်အမြုတေဟာ
`` စိန်´´ ဆိုရင်
သူ့နှလုံးသွေးတို့ရဲ့ အမြုတေဟာ
``ကဗျာ´´ ... ....။ ။
ကိုကြည်နိုင်
______________________________
ကျွန်တော်လေးစားသော၊ ကျွန်တော်အားကျသော၊ ကျွန်တော်ချစ်ခင်သော
ကဗျာရေးသူများအားလုံးသို့ အထူးတလည် ရည်ညွှန်းပါတယ်။
မြင်းရိုင်းတို့ရဲ့ ခွာသံကြားလား
စကားလုံးတွေနဲ့ စီးချင်းထိုးပွဲ
လဲရင်လဲမယ်၊ မြဲရင်မြဲမယ်
နွှဲနေမှာတော့ တစ်သက်လုံး
ကဗျာဆရာတဲ့ ... ...
ဘယ်တော့မှ ဒူးမထောက်
ဘယ်တော့မှ ဦးမညွှတ် ။
ကဗျာဆရာရဲ့ ရင်ခုန်သံဟာ
ကြမ်းချင် ကြမ်းမယ်
ရိုင်းချင် ရိုင်းမယ်
နှလုံးသွေးစစ်စစ် စကားလုံးတွေ
အန်ချပစ်လိုက်
ဇီဝဇိုးငှက်ရဲ့ မိခင်မေတ္တာမျိုး
အဲဒါ ... ...
ကဗျာဆရာရဲ့ သစ္စာတရား ။
သက်ရင့် ကာဗွန်အမြုတေဟာ
`` စိန်´´ ဆိုရင်
သူ့နှလုံးသွေးတို့ရဲ့ အမြုတေဟာ
``ကဗျာ´´ ... ....။ ။
ကိုကြည်နိုင်
______________________________
ကျွန်တော်လေးစားသော၊ ကျွန်တော်အားကျသော၊ ကျွန်တော်ချစ်ခင်သော
ကဗျာရေးသူများအားလုံးသို့ အထူးတလည် ရည်ညွှန်းပါတယ်။






0 comments:
Post a Comment
Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့
ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့
စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။