တိုင်းခြားပြည်ရွာ
စီးပွားရှာသွား
မေမေ့သားကြီး
ရှုမငြီးမှာ
ဒေါ်လာများများ စုမိစေ
များများပြန်ပို့နီုင်ပါစေ ။
သမီးလတ်လေး
မေ့ရင်သွေးလည်း
မနှေးဥစ္စာ
တိုးဖြာဝေကြောင်း
ဆုမွန်တောင်း၏
ကောင်းတာမှန်သမျှ ရပါစေ ။
သားငယ်လူလေး
ပညာရေးလည်း
မဝေးအောင်မြင်ပါစေသော်ဝ်
သူတကာထက် ချွန်စေသော်ဝ် ။
ချစ်ခင်ပွန်းလင်
လုပ်ငန်းတွင်လည်း
ခုပင် ရာထူးတက်စေသော်ဝ်
အောက်ဆိုဒ်များများရစေသော်ဝ် ။
လိုသောဆုပေါင်း
ပြည့်စေကြောင်းနှင့်
ဝတ်တွားပြုရ
တပည့်တော်မ အား
အဆင်းလှကြောင်း
သက်ရှည်ကြောင်းလည်း
မတောင်းပဲနဲ့ ပြည့်ပါစေ
ပိုသွားရင်လည်း ပိုပါစေ ။
ရှင်ဘုရားတွက်ကို
လွန်ကြည်ညိုလှ
သဒ္ဓါလှ၍
ဘီစကွတ်နှစ်ချပ်
ဆွမ်းတော်ကပ်ပါတယ်
မြတ်စွာဘုရား
မြတ်စွာဘုရား ။
......................................................
ကျနော်တို့ပတ်ဝန်းကျင်မှာ မြင်တွေ့နေကျ ကို့ယို့ကားယားဖြစ်ရပ်လေးကို
ရယ်စရာအမြင်နဲ့ အခုလို .....
ကိုကြည်နိုင်
စီးပွားရှာသွား
မေမေ့သားကြီး
ရှုမငြီးမှာ
ဒေါ်လာများများ စုမိစေ
များများပြန်ပို့နီုင်ပါစေ ။
သမီးလတ်လေး
မေ့ရင်သွေးလည်း
မနှေးဥစ္စာ
တိုးဖြာဝေကြောင်း
ဆုမွန်တောင်း၏
ကောင်းတာမှန်သမျှ ရပါစေ ။
သားငယ်လူလေး
ပညာရေးလည်း
မဝေးအောင်မြင်ပါစေသော်ဝ်
သူတကာထက် ချွန်စေသော်ဝ် ။
ချစ်ခင်ပွန်းလင်
လုပ်ငန်းတွင်လည်း
ခုပင် ရာထူးတက်စေသော်ဝ်
အောက်ဆိုဒ်များများရစေသော်ဝ် ။
လိုသောဆုပေါင်း
ပြည့်စေကြောင်းနှင့်
ဝတ်တွားပြုရ
တပည့်တော်မ အား
အဆင်းလှကြောင်း
သက်ရှည်ကြောင်းလည်း
မတောင်းပဲနဲ့ ပြည့်ပါစေ
ပိုသွားရင်လည်း ပိုပါစေ ။
ရှင်ဘုရားတွက်ကို
လွန်ကြည်ညိုလှ
သဒ္ဓါလှ၍
ဘီစကွတ်နှစ်ချပ်
ဆွမ်းတော်ကပ်ပါတယ်
မြတ်စွာဘုရား
မြတ်စွာဘုရား ။
......................................................
ကျနော်တို့ပတ်ဝန်းကျင်မှာ မြင်တွေ့နေကျ ကို့ယို့ကားယားဖြစ်ရပ်လေးကို
ရယ်စရာအမြင်နဲ့ အခုလို .....
ကိုကြည်နိုင်






0 comments:
Post a Comment
Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့
ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့
စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။