Saturday, January 7, 2012

လယ်သူမလေးရဲ့ ညတစ်ခင်း


စပါးပင်အလှုပ်အယိမ်းများကြား
ဆိတ်ဖလူးပင်လေး နှင်းရည်စွတ်စို
အရုဏ်ဦးမှာ ပွင့်မည့်ပန်းတို့လည်း
နောက် တစ်မနက်ခင်းမှာ
နေ ရွှေခြည်မျှင်ထဲသို့ တိုးဝင်နိုင်ရန်
မှေးစက်အနားယူနေကြလေပြီ။

ကြည့်စမ်းပါ့ကွယ်
လမင်းကို လမင်းအတိုင်းမြင်ရတဲ့ည
ကြယ်တွေတောင်မှ တစ်ပွင့်ချင်း တစ်ပွင့်ချင်းလေး
လင်းရှင်းဖိတ်လဲ့နေလိုက်တာ
ကြယ်စုံ လစုံနဲ့ ရင်ခုန်စရာကောင်းလှတဲ့ဒီည။

လယ်တောအိမ်ဘေး ချောင်းကလေးတောင်မှ
မျက်လွှာကိုချ၊ သာသာငြိမ့်ငြိမ့်စီးနေပြီလေကွယ်
ညဥ့်ငှက်တို့ရေ …
လယ်သူမလေးအိပ်မက် မပျက်ပါစေနဲ့
သန်းခေါင်ယံကိုစောင့်ကြပ် အလင်းနတ်သမီးငဲ့
သူမ ..
လရောင်တစ်လင်းစာ အမောဖြေနိုင်ဖို့
စောင်းကြိုးသံနဲ့ထွေးပွေ့ နွေးထွေးခွင့်ပေးလှဲ့ပါ။


ကိုကြည်နိုင်
(7th. Jan. 2012/ 02:30 AM)

0 comments:

Post a Comment

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။