Sunday, January 8, 2012

ခရေ





ပင်စည်မရှိတဲ့ ကြယ်တွေတောင် ကြွေကြွေကျနေမှတော့
သူလည်းပဲ ဖွေးဖွေးဖျဖျ ကြွေတော့တာပေါ့။

ကျောက်စွယ် ကျောက်သား တောင်ကမ်းပါးယံတို့က
ရင်အကွဲခံပြီး လမ်းကြောင်းဖွင့်ပေးလို့
စမ်းချောင်းလေးစီးနိုင်တာကို ၀ဋ်ကြွေးလို့ မမှတ်သလိုမျိုး
ကျစ်ဆံမြီးလေးကျစ်ပြီး ကျောဘက်ချချထားလေတော့
သူ့အလှသူ မြင်ခွင့်မရပေမယ့် ကျေနပ်နေသလိုမျိုးပေါ့။

သူ့ဝိဉာဉ်အကြွေတွေကို တစ်ရာသီလုံးမှာမှ တစ်ယောက်
အသေအချာကောက်ယူ၊ ပင့်သက်တစ်ရှူစာလောက် နမ်းရှိုက်ခဲ့ရင်ပဲ
ကျေနပ်တယ်။

နှစ်စက္ကန့်အနမ်းရဲ့ ဟိုး …. အတွင်းဖက်ကျကျမှာ
သူ့အပေါ်ချစ်တဲ့စိတ် တိတ်တိတ်လေး မြင်လိုက်ရပြီးနောက်
တစ်ဘ၀လုံး အနင်းခံ၊ ပင်မြင့်မှာ မစံရပေမယ့်
သူ … ကျေနပ်တယ်။ ကျေနပ်ပါတယ်။

ကိုကြည်နိုင်
8th. Jan. 2012

3 comments:

  1. ပန်းတွေထဲမှာ ခရေပန်းလေးဟာ တော်ဝင်ပန်းမဟုတ်ပေမယ့် မြေခသွားသည့်တိုင်အောင်
    သူရဲ့ကိုယ်ပိုင်ရနံ့လေးနဲ့ ကောက်ယူသွားတဲ့လူတွေရဲ့စိတ်နှလုံးကိုချမ်းမြေ့မှုလေးတွေပေးတာမို့ .....
    ပန်းတွေထဲမှာ ခရေကို အမြတ်နိုးဆုံးပါ။
    ခရေးပန်းလေး နည်းနည်းကောက်သွားပါတယ်။

    ReplyDelete
  2. ကြိက်တယ် ကိုကြည်နိုင်ရေ အောင်မြင်ပါစေ

    ReplyDelete
  3. ကဗျာလေးကောင်းလေးကို ဖတ်သွားခဲ့ပါတယ်။

    လေးစားစွာဖြင့်
    မြတ်

    ReplyDelete

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။