Thursday, January 12, 2012

စွယ်တော်












.
.
ကွယ် …  …
စကြ၀ဠာအနန္တမှာ အဘယ်သစ္စာတရားတွေကများ သူ့လောက်ခမ်းနားဖူးပါသလဲ
တစ်ရိုးတစ်ညှာ နှစ်လွှာတစ်ရွက်
သံသရာအဆက်ဆက်က ပန္နက်ခဲ့လေသောအက္ခရာ
ကမ္ဘာဦးမှာလည်း သူတို့တွေ ဖူးခဲ့ကြပါလိမ့်မယ်
ဒီမြေကြီးသုဉ်းမယ့်နေ့ထိ သူတို့ရှိနေလိမ့်မယ်
ယုံတယ်။

သို့ …  …
စွယ်တော် သိစေရန်
မေတ္တာတရားဖြင့် ထုံမွှမ်းဖွဲ့တည်လေသော တမန်တော်
သစ္စာတရား၏ အမှတ်တံဆိပ်အဖြစ်ခတ်နှိပ်
သင်၏သမိုင်း
စကြ၀ဠာတံတိုင်း၌  မြဲစေ ….  … ။

ကိုကြည်နိုင်

1 comment:

  1. သင်၏သမိုင်း
    စကြ၀ဠာတံတိုင်း၌ မြဲစေ …. … ။

    ReplyDelete

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။