Sunday, April 15, 2012

ကြယ်



လာ  အချစ်
ရဲရဲလင်းပွင့်လိုက်ရအောင်
ငါတို့ကိုယ်မှာ မီးစုန်းတွေ ဟုန်းဟုန်းထ
အလင်းငွေ့တွေ ဖြာဖြာကျလာသည်ထိ
တစ်ပွင့်ပြီး တစ်ပွင့်ပြိုလဲ
စူးရဲဝန်းမောက် တောက်ပလိုက်ကြမယ်
ကြွေကျမှ လှတဲ့ဘ၀မှာ
ဘာကို နောင်တရစရာရှိသေးလဲ။



ကိုကြည်နိုင်

15th. 4. 2012

3 comments:

  1. မြင်သမျှတွေ သိမ်းသွင်းသွားပုံ....ကြွေကျမှလှတဲ့ဘ၀ ဘာကိုနောင်တရစရာရှိသေးလဲ။

    ReplyDelete
  2. ကြွေကျမှ လှတဲ့ဘ၀မှာ
    ဘာကို နောင်တရစရာရှိသေးလဲ။

    ReplyDelete
  3. ​နောင်​တရစရာမလိုတဲ့ ​ရွေးချယ်​မှုက လှလှပပ ပွင့်​ခဲ့တာ​သေချာ ...

    ReplyDelete

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။