Saturday, February 24, 2018

ဧတေန သစ္စ ဝဇ္ဇေန


ငာ့သစ္စာတရားဟာ
ငာ့ဘုရားသခင်ဖြစ်ကြောင်း
ငါ့ဥက္ခောင်းကိုညွှတ်တွား
ကမ္ဘာမြေအထုအား သက်သေထားပါရစေ။
.
ဤမှန်သောသစ္စာစကားကြောင့်
ငါ့အလင်းနဲ့
ပန်းတစ်ခင်းပြီးတစ်ခင်း ပွင့်ပါစေ။
.
ဤမှန်သောသစ္စာစကားကြောင့်
ပန်းတို့ရဲ့ဘာသာစကား
လူသားတိုင်း ကြားပါစေ။
.
ဤမှန်သောသစ္စာစကားကြောင့်
စစ်မက်
အမုန်း
ရန်ငြိုး
မာန
ဒီဝေါဟာရတွေအားလုံး
မသုံးဖြစ်ရသောကိုယ် ဖြစ်ရပါလို၏။
.
.
.
ကိုကြည်နိုင်
22. 2. 2018

0 comments:

Post a Comment

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။